နေပြည်တော် ဇွန် ၂၃
လူမှုဝန်ထမ်းဦးစီးဌာနက အွန်လိုင်းဖြင့် ဖွင့်လှစ်သင်ကြားမည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုဖြစ်ရပ် မှတ်တမ်းစာအုပ် အသုံးပြုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကိုယ်ချင်းစာစိတ်ထားရန် လိုအပ်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သတင်းအချက်အလက်ရေးသွင်းခြင်းသည် အရေးကြီးသည့်အတွက် စဉ်ဆက်မပြတ် စနစ်တကျတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူတစ်ယောက်ချင်းစီ၏ ဂုဏ်သိက္ခာအတွက် သတင်းအချက်အလက်များကို confidential လျှို့ဝှက်ထိန်းသိမ်းထားရန်လိုအပ်ကြောင်းနှင့် Case Manager များအနေဖြင့် ကျင့်ဝတ်များကို လိုက်နာရေးသည်အရေးကြီးကြောင်း၊ လူမှုရေးလုပ်ငန်းများတွင် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာအပြင် ကိုယ်ချင်းစာစိတ်ထားရန်လိုအပ်ကြောင်း၊ Help Line မှတစ်ဆင့် အကူအညီတောင်းခံလာခြင်းကို စာရင်းရေးသွင်းပြီး Case ခွဲ၍ ဖြေရှင်းနိုင်သူထံ လွှဲပြောင်းပေးခြင်း၊ Follow Up လုပ်ဆောင်ခြင်းများဖြင့် ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရန် Case Manager များ မွေးထုတ်ရန်လိုကြောင်း၊ Case Management စနစ်အားကောင်းစေရန် ယခုကဲ့သို့သော သင်တန်းများ ဆက်လက်ဖွင့်လှစ်ရန်လိုကြောင်း ပြောကြားသည်။
ဇွန် ၂၄ ရက်အထိ သင်ကြား
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းကို ဇွန် ၂၃ ရက်မှ ၂၄ ရက်အထိ Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်