Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲ၊ ထောက်ပံ့ငွေများ လှူဒါန်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲ၊ ထောက်ပံ့ငွေများ လှူဒါန်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင် စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက ကော်မရှင်ရုံးမှ ဝန်ထမ်း ဦး၏ မိဘနေအိမ်များ အကြမ်းဖက်များကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းနှင့်  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဝန်ထမ်းမိသားစုသားသမီးများ ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားဖြစ်ကြောင်း၊၊

အကြမ်းဖက်များကြောင့် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ရှိ ဝန်ထမ်း ဦး၏ မိဘနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှုအပေါ် ကော်မရှင်အနေဖြင့် စုပေါင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ မျှဝေလိုစိတ်၊ မိသားစုစိတ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်ရုံးရှိ ဦးစီးဌာနများ၊ ဌာနခွဲများအနေဖြင့် ဌာနတာဝန်ခံများမှ စီမံအုပ်ချုပ်ရာ၌လည်း ကော်မရှင်၏ခံယူချက်၊ လုပ်ဆောင်ချက်များကို စံနမူနာယူ၍ အထက်အောက်ဆက်ဆံရာတွင် စိတ်ကောင်းစေတနာကောင်း၊ အကျင့်ကောင်းဖြင့် စီမံအုပ်ချုပ်ရန်အရေးကြီးကြောင်း၊ မိမိအဆင့်နှင့် လျော်ညီသည့် တာဝန်ရှိမှု၊ တာဝန်ခံမှုနှင့်အညီမလုပ်ခြင်းသည် အပြစ်ရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စီမံအုပ်ချုပ်ရာတွင်ဖြစ်စေ မေတ္တာစေတနာထား၍ အကျိုးရှိစွာဖြင့် တာဝန်ကို အလေးထားဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ရုံးအဖွဲ့မှူး ဦးကျော်စိုးက ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများအလိုက် ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ်ဖြေရှင်းဆောင်ရွက်ခဲ့မှုများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက် ထောက်ပံ့ကူညီမှုအစီအစဉ်အရ ဇွန်လအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၂ဝ ကို ဝန်ထမ်းရေးရာ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်ထံသို့ လည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူးက အကြမ်းဖက်များကြောင့် မိဘနေအိမ်မီးလောင်ဆုံးရှုံးခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်း ဦး၏ မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၂၂ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေကျပ် ၄၄ သိန်းကို လည်းကောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ရိုးရိုးအောင်မြင်ခဲ့သူ ဦး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ရိုးရိုးအောင်မြင်ခဲ့သူ ၁၀ ဦး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ရိုးရိုးအောင်မြင်သူ ဦးလျှင် ချီးမြှင့်ငွေကျပ် သောင်းနှင့် ဂုဏ်ထူးရသူများအတွက် တစ်ဘာသာလျှင် ကျပ် သောင်းဖြင့် စုစုပေါင်းငွေကျပ် ၂၁ သိန်း ချီးမြှင့်ပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)