နေပြည်တော် ဇွန် ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)၊ ဗိုလ်ရွေး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နှစ်ရှည်အရိပ်ရပင်ဖြစ်သည့် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင် ၁၈၀ ၊ ကံ့ကော် ၅ ပင်၊ မန်ကျည်း ၁၀ ပင်၊ တမာ ၁၀ ပင်၊ စုစုပေါင်း ၂၀၅ ပင်ကို ပါဝင်စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အ.ထ.က (ခွဲ) ဗိုလ်ရွေးကျောင်းသို့ လှူဒါန်းသည့် ရေသန့်စက်နှင့် သန်ရှင်းရေးသုံးပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများသည် နေပြည်တော်၊ ရုံးအမှတ်(၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနီးရှိ လျှိုပိတ်ဆည်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးတန်နှင့် ငါးခုံးမ သားပေါက်ကောင်ရေ ၂၀,၀၀၀ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်