Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

နေပြည်တော် ဇွန် ၂၁

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဇွန် ၂၂ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပမည့် (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်