နေပြည်တော် မေ ၂၀
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးချစ်နိုင်၊ ဒေါက်တာသက်သက်ခိုင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေး ရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အစည်းအဝေးအမှတ်စဉ် (၅ /၂၀၂၂) အစည်းအဝေး ဆုံးဖြစ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဦးအေးထွန်း၊ ဒေါက်တာအောင်ကြီး၊ ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသည့် အမှာစာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာကြသည့် အမှာစာ ကိစ္စရပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ ဆက်လက်တင်ပြရန်ကိစ္စရပ်များနှင့် ကော်မတီ၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များကို အတည်ပြုသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဟိန်းထက်တို့က တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ ယခင်အစည်းအဝေးများတွင် ကော်မတီဝင်များက တင်ပြဆွေးနွေးချက်များအပေါ် အစည်းအဝေးဆုံးဖြတ်ချက်ပါ ဆောင်ရွက်ရန်ကိစ္စများ စပ်လျဉ်း၍ ဝန်ကြီးဌာနများမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဦးဇော်ဝင်း၊ ဦးမင်းထိန်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)