Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်များ လှူဒါန်း

နေပြည်တော် မေ ၁၁

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ မင်းမဟော်သုခဝတီ သာသနာ့ရိပ်သာသို့ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ်ရှိ မြသီတဂူ စာသင်တိုက်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ ကုန်းမြင့်ရတနာ ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်ရှိ မြစေတီစာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ မင်းကျောင်းပထမပြန် စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ်ရှိ ထေရဝါဒသာသနာပြု ကျောင်းတိုက်သို့လည်းကောင်း ဆရာတော် သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်