Skip to main content

ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သောမိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် နှိုးဆော်ချက်

“ငါးရစ်ငါးသန်ဘေးမဲ့ချန်၊ ပုံမှန်စားသုံးမျိုးမသုဉ်း”

“ငါးရစ်တစ်ကောင်သုံးလရှောင်၊ ထောင်သောင်းတိုးပွားရေရှည်စား”

  • မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်ချောင်းအင်းအိုင် အနှံ့အပြား၌ ဥများဖြင့် ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်၀နေသော ငါးထီးကြီးများသည် ဥချရန် နေရာလာရှာ၍ ငါးရစ်တက်ကြပါသည်။
  • ထိုငါးရစ်ငါးကြီးများကို ဖမ်းဆီးလိုက်ပါက ငါးများမိတ်လိုက်၊ ဥချ၊ သားပေါက်မှုများ မပြုလုပ်နိုင်ကြဘဲ ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက် အရွယ်ငယ် (ငါးသန်)များကို ငယ်ရွယ်စဉ် ဖမ်းဆီးလိုက်ပါက သေကျေပျက်စီးကြကာ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးနှင့် တစ်နိုင်ငံလုံး ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရေးကို အထောက်အကူမပြုတော့ဘဲ ငါးမျိုး ပြုန်းတီးသွားစေနိုင်ပါသည်။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၂/၉၂ ဖြင့် ငါးရစ်ငါးသန် ရာသီချိန်များတွင် ငါးများဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားပါသည်။ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေအရ ဖမ်းဆီးတရားစွဲဆို အပြစ်ပေးနိုင်ရန် ပြဋ္ဌာန်းထားပါသည်။
  • သို့ပါ၍ ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီအချိန်များတွင် ငါးရစ်ငါးများ လွတ်လပ်စွာ ဥချသားပေါက်နိုင်ရေးနှင့် နုနယ်လှသည့် ငါးသားပေါက်များ ဆက်လက်ရှင်သန် ကြီးထွားနိုင်ရေးအတွက် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့ပေးကြပါရန် နှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန