အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့တွင် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် သင်တန်းသားများကို ခေါ်ယူမည်ဖြစ်ပါသဖြင့် ဝင်ခွင့်လျှောက်လွှာများကို အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၌ (၁၂-၅-၂၀၂၂) ရက်တွင် စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို (၃၁-၅-၂၀၂၂)ရက် နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့် ကျောင်းသို့ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန