Skip to main content

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Free Online Certificate Courses များ ဖွင့်လှစ်မည်

သန်လျင် မေ ၇

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများကို သိရှိနားလည်စေရန်၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများကို စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများနှင့် တတ်သိနားလည်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် အောက်ပါ Free Online Certificate Courses များကို ၁၂.၅.၂၀၂၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်-

  • Certificate in Business Law

          Link; https://forms.gle/at6hi7o9RYmGKUuEA

  • Certificate of Proficiency in Business English

          Link; https://forms.gle/vS7tkQoeBycokfuB7

  • Certificate in Entrepreneurship and Business Management

          Link; https://forms.gle/QDqWkDmCDU1xTJbF6

အဆိုပါ သင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာ Link များမှတစ်ဆင့် Google Form ဖြင့် ဖြည့်စွက်ပြီး ၁၀.၅.၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်