ရန်ကုန် ဧပြီ ၂၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးလုပ်ငန်းများအတွက် အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်တွင် ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ကြီးများသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အအေးလမ်းကြောင်းမပျက် မော်တော်ယာဉ်ကြီးများဖြင့် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းအတိုင်း ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုဆေးသိုလှောင်အအေးခန်းတွင် ထားရှိသည့် ဆေးတစ်လုံးလျှင် လူ ၁၀ ဦး ထိုးနှံနိုင်သည့် Astra Zeneca၊ ဆေးတစ်လုံးလျှင် လူ ၁၁ ဦးထိုးနှံနိုင်သည့် Covishield နှင့် ဆေးတစ်လုံးလျှင် လူတစ်ဦး ထိုးနှံနိုင်သည့် Sinovac အမှတ်တံဆိပ်ကာကွယ်ဆေးများကို ယနေ့တွင် ဆက်လက်ပို့ဆောင်ပေးရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ Sinovac အလုံးပေါင်း ၆၈၄၁၀ နှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိူင်းတုံမြို့သို့ Astra Zeneca အလုံးပေါင်း ၂၀၀၀၊ Sinovac ၁၆၀၀၀၊ ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့သို့ Astra Zeneca အလုံးပေါင်း ၂၀၀၀၊ Covishield ၂၇၂၈ လုံး၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ Sinovac အလုံးပေါင်း ၂၄၁၃၀၊ ဆေးထိုးအပ်များ၊ မြိတ်မြို့သို့ Sinovac အလုံးပေါင်း ၁၅၆၅၀၊ ဆေးထိုးအပ်များ၊ ကော့သောင်းမြို့သို့ Sinovac အလုံးပေါင်း ၅၉၂၀၊ ဆေးထိုးအပ်များ၊ ကယားပြည်နယ် လွိုင်ကော်မြို့သို့ Sinovac အလုံးပေါင်း ၃၇၅၀၊ ဆေးထိုးအပ်များ၊ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ Astra Zeneca အလုံးပေါင်း ၃၄၅၀၊ Covishield ၅၃၀၇လုံး၊ Sinovac ၇၈၅၇၀၊ ဆေးထိုးအပ်များ၊ သံတွဲမြို့သို့ Astra Zeneca ၁၉၇၅ လုံး၊ Covishield ၅၃၈၇လုံး၊ Sinovac အလုံးပေါင်း ၂၃၅၉၀၊ ဆေးထိုးအပ်များကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်