နေပြည်တော် ဧပြီ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်အား အမိန့်ကြော်ငြာစာ အမှတ် ၅၄/၂၀၂၂ ဖြင့် ချီးမြှင့်ပေးအပ်ခဲ့သည့် လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)အား ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ် ၆၇ နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ တို့အရ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်