နေပြည်တော် ဧပြီ ၁၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုသင်္ကြန်ရေသဘင်ပွဲတော် အကြတ်နေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပရဝဏ်အတွင်း၌ ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဇော်ဝင်း နှင့်ဇနီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
မိသားစုသင်္ကြန်ရေသဘင်ပွဲတော်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ လှပျိုဖြူများက သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးတို့က ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။
ပျော်ရွှင်စွာရေကစား
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့်အတူ ပျော်ရွှင်စွာ ရေကစားကြပြီး ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ မြန် မာ့ရိုးရာစတုဒိသာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
သတင်းစဉ်