Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

ဘားအံ ဧပြီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၂ ခုနှစ် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့နယ် ကျုံဖဲကျေးရွာ ကျုံဖဲပရိယတ္တိ ကမ်းနားကျောင်းဆရာတော် ဘန္ဒန္တစန္ဒိမာအား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြပြီး ကျုံဖဲပရိယတ္တိ ကမ်းနားကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သာသနာရေးဆိုင်ရာ များ လျှောက်ထားတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ကျုံဖဲပရိယတ္တိ ကမ်းနားကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုမှလှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ကျုံဖဲပရိယတ္တိကမ်းနားကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

မွန်းလွဲပိုင်းတွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် အဂ္ဂမဟာသဒ္ဒမ္မ  ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်နှစ်ပါးအား ဘွဲ့တံဆိပ် တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ဘားအံမြို့ မိုးကယ်ကျောင်းတိုက်၌ကျင်းပရာ ဦးစွာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ကမ်းနီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိဇာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက် တည်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မိုးကယ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတေဇိန္ဒနှင့် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝိစာရတို့အား ဘွဲ့တံဆိပ်တော်များနှင့် အဆောင် အယောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ သားသမီးမြေးတစ်စုမှ လှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကမ်းနီကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဘားအံမြို့ ဇွဲကပင်တောင် နှင့် ကြာအင်းတောင်ကြားကိုဖြတ်၍ သံလွင်တံတားသုံးမြှောင့်လမ်းဆုံမှ လှာကဒေါင်ကျေးရွာသို့ ဖောက်လုပ်ထားသော ဘားအံမြို့ရှောင်လမ်း အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက လမ်းဖောက်လုပ် နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဘားအံမြို့၊ ဘားမဲတောင်သဘာဝ အပန်းဖြေဥယျာဉ်သို့ ရောက်ရှိပြီး ကိုဗစ်အလွန်ကာလ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘာဝဥယျာဉ် ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက သဘာဝဥယျာဉ်နှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ ဇွဲကပင်ပန်းခြံသို့ရောက်ရှိပြီး အများပြည်သူစိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး ဇွဲကပင်ပန်းခြံ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)