Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်အစာ၊ မော်တော်ယာဉ်အပိုပစ္စည်း၊ မော်တော်ယာဉ်နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် မင်းလွင်ကုန်းဂိတ်၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၀ စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၃၀၀၀၀၀) (အပေါ်ယာပုံ)နှင့် အဆိုပါ ဆိုင်ကယ်များ တင်ဆောင်လာသော မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ တရားဝင် စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၂၈၅၆၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅၈၅၆၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ် ၆ ရက်တွင် မွန်ပြည်နယ် မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ကျ အကောက်ခွန်အဖွဲ့ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာ သည့် မော်တော်ယာဉ်များအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားသည့်ပစ္စည်းများနှင့်အတူ ရောနှော တင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၉၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်တိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာနဦးဆောင် ၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြဝတီ-ရန်ကုန် လမ်းကြောင်းတစ်လျှောက် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝေါမြို့နှင့် ရွှေသံလွင်တိုးဂိတ်အကြား ခန့်မှန်းမိုင်တိုင် အမှတ်(၆၃)မိုင်ခန့်တွင် ၊ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တိရစ္ဆာန်အစာ(Cat food)နှင့် ကားတာယာ ဆိုဒ်စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၃၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော် ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၁၃၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး စခန်း၊ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင်ကျောက်ချောစစ်ဆေး ရေးစခန်း၂၁မိုင်၃ ဖာလုံတွင်တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် တရုတ်နိုင်ငံထုတ် အီးစီးကရက်မျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၉၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကသာခရိုင် အင်းတော်မြို့နယ် အတွင်း တရားမဝင် သစ်မျိုးစုံ ၀ ဒသမ ၄၂၄၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇၄၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ မတ်၄ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၇၆၃၅၀၄၀) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်