Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် ဘဏ်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာနရှိ ငွေကြေးဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှု၊ ဌာနအလိုက် ရုံးခန်းများနှင့် ငွေစစ်ခန်းများအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အရာထမ်း/ အမှုထမ်းများကို တွေ့ဆုံ၍ အမှာစကားပြောကြား၍ ဌာနအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မန္တလေးဘဏ်ခွဲ ဆောက်လုပ်မည့် မြေနေရာသစ်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက မြေအနေအထားနှင့် ဆောင်ရွက်လျက်ရှိသော အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်၊၊

သတင်းစဉ်