Skip to main content

(၂၃) ကြိမ်မြောက် အာဆီယံ ငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်း အဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၁

(၂၃) ကြိမ်မြောက် အာဆီယံ ငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်း အဝေး (23 ASEAN Senior Level Committee - SLC on Financial Integration) ကို ယနေ့ မွန်းလွဲ ပိုင်းက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အာဆီယံဗဟိုဘဏ်ဒုတိယ (ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် အဆင့်မြင့် အရာထမ်းများ တက်ရောက်သည်။

ဦးစွာ ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်းမေခရို စီးပွားရေးအလားအလာ (Global and Regional Macroeconomic Outlook) နှင့်စပ်လျဉ်း၍ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (AMRO) က လည်းကောင်း၊ ဒေသတွင်းငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှု (Regional Financial Developments) နှင့်စပ်လျဉ်း၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က လည်းကောင်း အသီးသီးတင်ပြခဲ့ကြပြီး တင်ပြ ချက်များနှင့် စပ်လျဉ်း၍ အာဆီယံဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEC)ကအာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေး လုပ်ငန်း စဉ်များ၏ နောက်ဆုံးတိုးတက်မှုကို ဆွေးနွေး တင်ပြသည်။ ထို့နောက် အာဆီယံ ငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာအာဆီယံအဆင့်မြင့်ကော်မတီ (SLC) အောက်က ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များဖြစ်သည့် ဒေသတွင်းမေခရိုစီးပွားရေးနှင့် ငွေရေး ကြေးရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ (Regional Macroeconomic and Financial Risks) စဉ်ဆက်မပြတ် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု (Sustainable Finance) အာဆီယံဒေသတွင်းဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ခံနိုင်ရည်ရှိမှုနှင့် သတင်းအချက် အလက်များ မျှဝေခြင်း အစီအစဉ် (ASEAN Cybersecurity Resilience and Information Sharing Platform - CRISP) တို့နှင့် စပ်လျဉ်း၍ လုပ်ငန်းတိုးတက်မှုများကို SLC Task Force Cochairs များက ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် အာဆီယံလုပ်ငန်းကော်မတီများ၏ ပူးတွဲသဘာပတိများက အာဆီယံလုပ်ငန်းကော်မတီ များဖြစ်သည့် အာဆီယံဘဏ်လုပ်ငန်းပေါင်းစည်း GoEQCD (ASEAN Banking Integration Framework - ABIF) ၊ ငွေလုံးငွေရင်းစာရင်း လွပ်လပ်ခွင့်ပြုရေး (Capital Account Liberalization - CAL) အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု (Capital Market Development - CMD) အားလုံး ပါဝင်သော ငွေရေးကြေး ရေးကဏ္ဍ (Financial Inclusion - FINC) I ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး (Financial  Services Liberalization - FSL)၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment and Settlement Systems -PSS)၊ စွမ်းရည်မြှင့်တင်တည်ဆောက်ရေး ကြီးကြပ်ထိန်းကျောင်းမှုကော်မတီ (Steering Committee on Capacity Building - SCCB) တို့၏ နောက်ဆုံးတိုးတက်မှုကို ရှင်းလင်းတင်ပြခဲ့ရာ အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက တင်ပြချက် များအပေါ် လမ်းညွှန်မှုများ ပေးခဲ့ကြသည်။

ဆက်လက်၍ အာဆီယံဘဏ်များအသင်း (ASEAN Bankers' Association - ABA) Updated on TF Interoperable Data Framework နှင့် စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံငွေကြေးဖလှယ်မှု အစီအစဉ် (ASEAN Swap Arrangement - ASA) အလှည့်ကျ Agent Bank ဖြစ်သည့် မြန်မာနိုင်ငံတော်  ဗဟိုဘဏ်က Updated on ASEAN Swap  Arrangement (ASA) နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်