Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ တတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုကို ဖော်ပြနေတဲ့ သင်္ကေတတွေဖြစ်တဲ့အပြင် အစဉ်အလာ ယဉ်ကျေးမှု တွေ မပပျောက်စေဖို့နဲ့ ကောင်းမှုကုသိုလ်ရရှိစေဖို့ ရည်ရွယ်ပြီး မီးဖုန်းပွဲ၊ ယာဂုထမနဲ အလှူပွဲများကို တပို့တွဲလရောက်တိုင်း နိုင်ငံတစ်ဝန်းမှာ နှစ်စဉ် ကျင်းပကြခြင်းဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း နှစ်စဉ်ကျင်းပမြဲဖြစ်သော ယခုအစဉ်အလာကို ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် ယနေ့အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသော အရာထမ်း၊ အမှုထမ်းများ၊ တာဝန်ရှိသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများမှ တက်ကြွပျော်ရွှင်စွာ ယှဉ်ပြိုင် ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများကအားပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပထမဆုရရှိသည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယဆုရရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တတိယဆုရရှိသည့် ဝန်ကြီးရုံးနှင့် နှစ်သိမ့်ဆုရရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနတို့အား ဆုများချီးမြှင့်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်