Skip to main content

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများထားရှိရန် ကုသဆောင်များပြင်ဆင်ထားရှိမှုများ ကြည့်ရှု

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလးမြို့ကန်တော်ကြီးပတ်လမ်းရှိ ဇိဝိတဒါနသံဃာ့ ဆေးရုံကြီးနှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာတို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများထားရှိရန် ကုသဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အပြင် အဆိုပါနေရာများ၌  သန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်