Skip to main content

(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း စစ်ရေးပြကွင်း၌ကျင်းပရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ် အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ယနေ့နံနက်ပိုင်းပွဲစဉ်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီး ဝိုင်းအသင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၂) တပ်ခွဲစစ်တီးဝိုင်းအသင်း၊ အမှတ်(၁၁) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် အမှတ်(၂) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ကြသည်။

ညနေပိုင်း ပွဲစဉ်များအဖြစ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၈ သင်းဖြင့် ဖေဖော်ဝါရီ ၁၈ ရက် အထိကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်