Skip to main content

ကွန်ဟိန်းမြို့၊ ကွန်အော်ဘုန်းကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲ၊ ကြာဆံ၊ ကြက်သွန်နီ စသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ထောက်ပံ့လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၀ 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များတွင် ရဟန်းရှင်များ၊ သာမဏေများ၊ သီလရှင်များအတွက် ဆွမ်းအခက်အခဲ မရှိစေရန်ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း ကွန်ဟိန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်ဆွေဦးနှင့် တာဝန်ရှိသူ များသည် ကွန်ဟိန်းမြို့နယ်၊ ကွန်အော်ရေတံခွန်ရှိ ကွန်းအော် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲ၊ ကြာဆံ၊ ကြက်သွန်နီ စသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ကျောင်းထိုင်ဆရာတော် အရှင်ထာဏီဿရထံ ဆက်ကပ်လှူဒါန်းသည်။

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ အင်အားဖြည့် အစားအစာများကို ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စင်တာများသို့  ဆက်လက်လှူဒါန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်