Skip to main content

“စိန်ရတုပြည်ထောင်စု လူရွှင်တော်ဖလား”လူရွှင်တော်ပြိုင်ပွဲ၊ပွဲစဉ်(၇) မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်   ဖေဖော်ဝါရီ    ၉

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စုလူရွှင်တော်ဖလားလူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၇)ကို ၂၀၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် (ကြာသပတေးနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channelမှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့်အတူ လူရွှင်တော် များဖြစ်ကြ သည့် သိန်းဆု၊ ချစ်ချစ်၊ ဝါဂွမ်းနှင့် ချစ်သူတို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ခြင်းကို ၂၀၂ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် (သောကြာနေ့) မွန်းလွဲပိုင်း ၁ နာရီ ခွဲ National News အင်္ဂလိပ် ဘာသာသတင်းအစီအစဉ်အပြီးတွင် ပြသမည်ဖြစ်သည်။

သတင်းစဉ်