နေပြည်တော် ဖေဖော်ဝါရီ ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဆွတ်ဂျက်လမ်းတွင် လထော်ဇော်ဖန် မောင်းနှင်လာသည့် ISUZU အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကို လည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီ တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သမိန်ဗရမ်းလမ်းတွင် ဇော်မိုးနှင့် ဇော်ဝင်းထွန်း(ခ) ဆံရှည်တို့ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၀ ကို လည်းကောင်း ဖမ်းဆီးရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား