Skip to main content

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲအတည်ပြုခြင်း လုပ်ငန်းများကို မတ်လမှ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ဆောင်ရွက်မည်

နေပြည်တော် ဖေဖော်ဝါရီ ၈

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW Phase II) ရေးဆွဲရေးနှင့်ပတ်သက်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်မှု ဆိုင်ရာ အားသာချက်၊ အားနည်းချက်များအား လေ့လာ သုံးသပ်မှုအစီရင်ခံစာနှင့် NSPAW Phase II ရေးဆွဲရေးလုပ်ငန်းစီမံချက် ရှင်းလင်းတင်ပြခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။

တက်ရောက် အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) သည် နောက်ဆုံးနှစ် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်ခဲ့မှုများ၊ အားနည်းချက်၊ အားသာချက်များနှင့် ကြိုးစားဆောင်ရွက်ရန် လိုအပ်ချက်များကို သုံးသပ်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW Phase II) ကို ရေးဆွဲသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW Phase II) ရေးဆွဲရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ လက်ရှိအခြေအနေ၊ NSPAW Phase II ရေးဆွဲရေးအတွက် ရေတိုရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ NSPAW Phasell တွင် ထည့်သွင်းသင့်သည့် ဧရိယာများ၊ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW Phase II) ရေးဆွဲရေးနှင့်ပတ်သက်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်မှုဆိုင်ရာ အားသာချက်၊ အားနည်းချက်များအား လေ့လာ သုံးသပ်မှုအစီရင်ခံစာနှင့် NSPAW Phase II ရေးဆွဲရေးလုပ်ငန်း စီမံချက်နှင့် Timeframe တို့အား ရှင်းလင်းတင်ပြသည်။

အဆိုပါ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW Phase II) ရေးဆွဲအတည်ပြုခြင်း လုပ်ငန်းများကို ၂၀၂ ခုနှစ် မတ်လမှ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်