Skip to main content

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၈

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းသည်။

စုပေါင်း သွေးလှူဒါန်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင် ၁၃၀ တို့က စုပေါင်း သွေးလှူဒါန်းကြရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲထောက်ချုပ် ရဲမှူးချုပ် မြင့်တိုးနှင့် ရဲအရာရှိကြီးများ၊ နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးစကား ပြောကြားကာ စုပေါင်း သွေးလှူဒါန်းခဲ့ကြသည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ပြန်လည် ပေးအပ်ကြောင်း သိရသည်။

သတင်းစဉ်