နေပြည်တော် ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက်တို့မှ အင်အားအလုံးအရင်း ဖြင့် ချဉ်းကပ်တိုက်ခိုက်လာခဲ့ပြီး ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးထွက်ပြေးသွားခဲ့သည်။
ထိုကဲ့သို့ ကျေးရွာတွင်းရှိ နေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက် သမားများ၊ ၎င်းတို့၏ လက်ဝေခံလူပုဂ္ဂိုလ်အချို့နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလား သည့် ပြည်ဖျက်မီဒီယာအချို့တို့က လူမှုကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မဟုတ်မမှန် သတင်းအမှားများကို ဝါဒဖြန့်ရေးသားလျက်ရှိသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိသားစုဝင်များကို အမျိုးမျိုး ခြိမ်းခြောက်၍ မိသားစုဝင် ထဲမှ သက်ကြီးရွယ်အို အဘိုးအိုအား မီးလောင်နေသည့် အထဲသို့ ပစ်ထည့်ပြီး သတ်ဖြတ်သွားခဲ့သည့်အပြင် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိုးအိမ်နှင့် စည်းစိမ်ကိုပါမက မိသားစုဝင်၏အသက်ကိုပါ ပေးခဲ့ရသည့် ဒေသခံ ကျေးရွာသား တစ်ဦး၏ ရင်နင့်ဖွယ်စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။
ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာက ပြည်သူ့စစ်ကာကွယ်ရေးထဲကိုဝင်ထားတဲ့ တပ်သားတစ်ဦးဖြစ်ပါတယ်။ ကျွန်တော် ဒီတပ်ထဲကို ဝင်တယ်ဆိုကတည်းက PDF အဖွဲ့က ကျွန်တော်တော့်ဆီကို လှမ်းပြီး အမျိုးမျိုး ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီး မင်းမိသားစုဝင်တွေ ဒုက္ခရောက်သွားမယ်လို့ သူတို့ကပြောတယ်။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေထဲက ဦးလေးတစ်ယောက်ကို ဟိုဘက်ရွာကို ကယ်ထုတ်ခဲ့တယ်။ ကယ်ထုတ်ရမယ့်သူက နှစ်ယောက်ဆိုတော့ ကျွန်တော်တို့က ကျွန်တော့် ဦးလေးတစ်ယောက်ပဲ ကယ်ထုတ်သွားနိုင်ခဲ့တယ်။ ဦးလေးကိုဟိုဘက်ရွာကို ကယ်ထုတ်ပြီးခါမှ ဒီဘက်ကို လာပြန်ကယ် မယ်ဆိုတော့ သူကမရှိတော့ဘူး။ သူတို့တွေက သူ့ကိုမီးလောင်နေတဲ့ တဲထဲကို ပစ်ပြီးထည့် သွားတယ်။ သူတို့ပြောတော့ ပုလဲနယ် PDF က အင်မထီးရွာရဲ့ လုံခြုံရေးပါလို့ သူတို့ပြောခဲ့ တယ်။ ဘာတွေလုံခြုံတာလဲ။
ထို့အပြင် အင်းမထီးကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား PDF အမည်ခံအကြမ်းဖက် သမားများ က ရက်စက်စွာသတ်ဖြတ်၍ နေအိမ်များနှင့် ရာသီသီးနှံများပါမကျန် မီးရှို့သည့်အပြင် အပြစ်မဲ့ ဇနီးဖြစ်သူကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကိုလည်း ဒေသခံရွာသား သေဆုံးသူ အမျိုးသမီး၏ခင်ပွန်းထံမှ ယခုကဲ့သို့ ကြားသိရပါသည်။
ကျွန်တော်ကတော့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာက ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားနေတဲ့ တောင်သူတစ်ဦးပါ။ ကျွန်တော့်မှာ အသက် ၈၀ ကျော် အဘွားကြီးနဲ့ သားသမီးသုံးယောက်ရှိပြီး ရိုးရိုးသားသားနဲ့ တောင်သူလုပ်ကိုင်စားသောက်နေတာပါ။ ဒါပေမယ့် ရွာပြည်သူ့ စစ်ထဲဝင်တာ မကျေနပ် လို့ဆိုပြီး ၃၀ ရက်နေ့ ၄ နာရီလောက်က ရွာထဲကိုဝင်ပြီး အပြစ်မဲ့ပြည်သူတွေနဲ့ ကျွန်တော့်အိမ်တင်မကဘဲ အိမ်ခြေ နှစ်ရာကျော်လောက်ကို အကုန်မီးရှို့ ဖျက်ဆီးသွားပါတယ်။ မီးရှို့ဖျက်ဆီးရုံတင်မကဘဲ ကျွန်တော့်မိန်းမကိုလည်း ဘာမှအပြစ်မရှိဘဲနဲ့ သတ်ဖြတ်သွားခဲ့ပါတယ်။ ဒီနေရာက ကျွန်တော် ဒီနှစ်ရတဲ့ သီးနှံတွေ ထားတဲ့နေရာပါ။ စပါး၊ ပဲစင်းငုံ၊ နှမ်း၊ နေကြာ ကျွန်တော်လုပ်ထားတာ၊ ကျွန်တော်တောင် မစားလိုက်ရပါဘူး။ တကယ်လည်း ဝမ်းနည်းပါတယ်။
ကျွန်တော်တို့ဘာမှ မသိနားမလည်တဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို ဒီလိုလုပ်တာကတော့ မတရားဘူးလို့ ထင်ပါတယ်။ ကျွန်တော်ခုဆိုရင် သားသမီးသုံးယောက် ပညာရေ တစ်ပိုင်းတစ်စနဲ့ လုပ်ကိုင်စားစရာလည်း မရှိတော့ပါဘူး။ ကိုယ်ချင်းစာကြပါ။ ကျွန်တော်တို့ ဘာလုပ်နေလို့လဲ။ ကိုယ့်ဟာကိုယ် ရိုးရိုးသားသား တောင်သူလုပ်ကိုင်စားတာပါ။ မြင်မကောင်းဘူး။ ဆေးလည်းတိုက်စရာမရှိဘူး။ ကျွန်တော်တို့ အခက်အခဲတွေကိုကြည့်ပြီး ကိုယ်ချင်း စာပေးကြပါလို့ PDF အဖွဲ့တွေကို ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ကို ဘာအပြစ်ရှိလို့ ဒီလိုလုပ်တာလဲပေါ့။ နောက်နောင် ဒီအဖြစ်မျိုးကြီးနဲ့ မကြုံရအောင် ကျွန်တော်တို့ကို ကူညီပေး ပါ။ အပြစ်မရှိပါဘူး။ တောင်သူရိုးရိုးသားသား လုပ်ကိုင်နေတာပါ။
အလားတူ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိသားစုဝင်များကို အမျိုးမျိုး ခြိမ်းခြောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်၍ နေအိမ်များနှင့် ရာသီသီးနှံများပါမကျန် မီးရှို့ခဲ့ကာ ကျန်းမာရေးနှင့် စားရေရိက္ခာအတွက် သွားရောက်ဝယ်ယူရန် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားသည့်အပြင် သားဖြစ်သူပါ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဒေသခံရွာသား ဖခင် ၁ ဦး၏ စကားသံများကို လည်းယခုကဲ့သို့ ကြားသိရပါသည်။
ကျွန်တော်က စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာကပါ။ ဒီ PDF တွေနဲ့ဆိုတော့ နေလို့ကမရဘူး။ ဘယ်လိုမှမရတော့ မောင်ကျော်လှိုင်တို့၊ ဦးအေးဝင်းတို့၊ မောင်ဌေးလွင်တို့ကလည်း တစ်ခါတည်း ပြေးကြရတာပေါ့။
နောက်တော့ အခုပြောသလို လုံခြုံ ရေးဖွဲ့ပြီးတော့ ဒီကိုလာလိုက်တဲ့အခါမှ ကျွန်တော်တို့လည်း အားတွေရှိသွားတာပါ။ ကျွန်တော့်သားက လည်း သူတို့လည်းရောက်ရော PDF အသတ်ခံရပြီး သေပါတယ်။ ကျွန်တော့်ဘဝကလည်း မိန်းမသေတာကလည်း သုံးလလောက်ပဲ ရှိပါသေးတယ်။ အခုသားကလည်း အခုလိုဖြစ်တယ်ဆိုတော့ ယူကျုံးမရ အရူးလို ကျုပ်ဖြစ်နေတာပေါ့။ ဒီမှာလည်း အခုပြောသလို ဈေးလည်းဝယ်ချင်ရင် ဝယ်မရဘူး။ လမ်းကြောတွေ အကုန်လုံးပိတ် ပြီး ဘယ်လိုမှ လုပ်လို့မရဘူး။ လပြည့်ကျော် ၁၄ ရက်နေ့မှာ PDF တွေ လူပေါင်း ၃၀၀ ကျော်လောက်က ရောက်လာပြီး ကျွန်တော်တို့ရွာကို မီးရှို့သွားပါတယ်။ နည်းနည်းပါးပါး လောက်ပဲကျန်ပါတယ်။ လပြည့်ကျော် ၁၄ ရက်နေ့ ၄ နာရီလောက် PDF ၃၀၀ ကျော်လောက် ကရွာကိုရောက်လာပြီးလက်နက်ကြီး၊ လက်နက်ငယ် နဲ့ပစ်ခတ်ကာ မီးရှို့တဲ့သူကရှို့၊ ပစ်တဲ့သူက ပစ်ဆိုတော့ ကျွန်တော်တို့ဘယ်လိုမှမတတ်နိုင်လို့ အခုလိုခံလိုက်ရတာပါ။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် အင်မထီးကျေးရွာ သို့ ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့်အဖွဲ့ဝင်များက သွားရောက်၍ ဒေသခံကျေးရွာသူ/ ကျေးရွာသားများအား ကျေးရွာစာသင်ကျောင်း၌ တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ပြီး ကျေးရွာသူ၊ ကျေးရွာသားများအား နေအိမ်များတွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရန် ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်