Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန် ၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော်   ဖေဖော်ဝါရီ   ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန် ၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့သည် ပြည်နယ်ဝန်ကြီးများဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာသို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိကြရာ ဒေသခံပြည်သူများနှင့်အတူ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်မှ အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားသည်။ ဆက်လက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဇော်မိုးက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဝါဘိုကျေးရွာအား လျှပ်စစ်ဖြန့်ဖြူးပေးမည့် Transformer အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကျေးရွာအတွင်း အိမ်တွင်းမှု ယကန်းလုပ်ငန်း များအားလှည့်လည်ကြည့်ရှုအားပေးကြရာ ရပ်မိရပ်ဖများက အဖွဲ့ဝင်များအား လက်ဆောက်ပစ္စည်းများ ပေးအပ်ကြသည်။

ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာ ရှိသည့်အနက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊ ဒီဇယ်စနစ်စသည့် နည်းလမ်းများဖြင့် မီးရရှိပြီး ကျေးရွာပေါင်း ၂၂၄၆ ရွာဖြစ်သည့်အတွက် ၆၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး သုံးစွဲနိုင်ခဲ့ပြီးဖြစ်ရာ ယနေ့ ဝါဘိုကျေးရွာအပါအဝင်ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် အဖွဲ့ဝင်များသည် စစ်တွေ- ဝါဘိုချောင်းကူးတံတား အရှည် ၄၈၀ ပေတည်ဆောက် ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး(၂)၊ တံတားအထူးအဖွဲ့ (၇)မှ တာဝန်ရှိသူများက တံတားတည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြကြောင်း သတင်းရရှိသည်။