နေပြည်တော် ဖေဖော်ဝါရီ ၄
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH/ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်းအားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ရာဇသတ် ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရ မည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းမရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ပျဉ်းမနားမြို့နယ်နေ စောအောင်ကျော်မြင့်သည် ၎င်းအသုံးပြုသည့် “Saw Aung Kyaw Myint” Facebook အကောင့်၊ ကရင်ပြည်နယ်မြဝတီမြို့ နယ်၊ အမှတ်(၄)ရပ်ကွက်နေ တင့်လွင်(ခ) ကိုတင့်(၄၀)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Tint,Ko Ngal,Min Lay” Facebook အကောင့်၊ ဘားအံမြို့နယ်အမှတ်(၅)ရပ်ကွက်နေ မြင့်နိုင်(၅၅)နှစ်သည် ၎င်းအသုံးပြုသည့် “Myint Naing Facebook အကောင့်ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်နေ ဆွေဆွေထက်(ခ)ပိုးပိုးသည် ၎င်းအသုံး ပြုသည့် “Poe Poe” Facebook အကောင့်၊ တောင်ငူမြို့နယ်နေ ကျော်စွာလင်းသည် ၎င်းအသုံးပြုသည့် “Kyaw Swar Lwin(ice)” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ ဝင်းသန့်ဦးသည် ၎င်းအသုံးပြုသည့် “Win Thant Oo” Facebook အကောင့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ အောင်မျိုးဆင့်(ခ)ဗိုလ်ဝ(၃၈)နှစ်သည့် ၎င်းအသုံးပြုသည့် “Bo Wa” Facebook အကောင့်၊ ကမာရွတ်မြို့နယ်နေ ဇင်ကိုကို အောင်(၂၀)နှစ်သည် ၎င်းအသုံးပြုသည့် “Zinko Koaung” Facebook အကောင့်၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၁၂၅)နေ တင်နွယ်နွယ်(ခ)မနွယ်(၄၅)နှစ်သည် ၎င်းအသုံးပြုသည့် “Ma Nwe” Facebook အကောင့်နှင့် ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ အမှတ်(၁၆၇၃/ခ)နေ ယဉ်ယဉ်နွဲ့(၄၅)နှစ်သည် ၎င်းအသုံးပြုသည့် “Yin Yin Nawe” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်းဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH/NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။