ဗန်းမော် ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် ဗန်းမော်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၅)ဦးအား ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပြီး စုပေါင်း သွေးလှူဒါန်းခဲ့ကြကာ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြစ်စေ သည့် အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိန်းဖြူ