Skip to main content

ဆန်းသစ်အထွေထွေရောင်းဝယ်ရေးနှင့် အကျိုးဆောင်လုပ်ငန်း သမဝါယမအသင်းလီမိတက်က ရေချိုငါးပိများ ဖြန့်ဖြူးရောင်းချ

ရန်ကုန် ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက်ရှိ ဆန်းသစ်အထွေထွေ ရောင်းဝယ်ရေးနှင့် အကျိုးဆောင်လုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ ငွေစုငွေချေးလုပ်ငန်းအပြင် ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် အိုင်ကလောင်ကျွန်း မင်းမကုန်းကျေးရွာမှ ထွက်ရှိသည့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရပြည့်ဝသည့် သဘာဝဒေသထွက်ကုန် ဘောလယ်ငါးပိရေချိုများကို အသင်းဆိုင်နှင့် မိုးဦးပန်းအသင်းသို့ ချိတ်ဆက်ပြီး တစ်ပိုင်တစ်နိုင် ဖြန့်ဖြူး  ရောင်းချလျက်ရှိသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် အသင်းသားပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေးများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

သတင်းစဉ်