နေပြည်တော် ဖေဖော်ဝါရီ ၁
အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက် ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုအား အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိပြီး ပြည်သူလူထု အကြောက်တရား လွှမ်းမိုးစေရန် အတွက် Social Media အပါ အဝင် နည်းလမ်းပေါင်းစုံသုံး၍ လုပ်ဆောင်လျက်ရှိသည်။
ခြိမ်းခြောက်ဖိအားပေး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ တာဝန်ယူသည့် တစ်နှစ်ပြည့်သည့် ယနေ့တွင် ပြည်သူများ စိတ်အေး ချမ်းသာစွာ သွားလာလှုပ်ရှား ဆောင်ရွက်နိုင်မှု မရှိစေရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပျက်စီးစေရေးအတွက် silent -Strike ခေါ်လှုပ်ရှားမှုကို ပြုလုပ် ကြရန် လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ဖိအားပေး လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ CRPHI NUG နှင့် ယင်းတို့ ၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ် ဆောင်ရွက်ပေးခဲ့သည့်အတွက် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာ နေရာများ၌ သက်ဆိုင်ရာ ဘာသာ ဝင်များက လာရောက်၍ စိတ်အေး ချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။
ထို့ပြင် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော် ယာဉ်လိုင်းများကို တည်ငြိမ် အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်