Skip to main content

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များ ဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ အဆောက်အအုံသစ်အား လိုက်လံကြည့်ရှုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(၆)ခန်းတွဲ သုံးထပ်ဆောင် ရွှေဝတ်မှုန်ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး အဆောက်အအုံသစ်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်း အိမ်ရာ အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုကြပြီး ကန်ကြီးထောင့်နှင့် အိမ်မဲမြို့နယ်များမှ ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေခဲ့ကြသော ကရင်ဒုံးယိမ်းအကအဖွဲ့များအား ဆုငွေ များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်