Skip to main content

မြောင်းမြခရိုင် ငါးသယံဇာတများရေရှည်ထိန်းသိမ်းရေး ညှိနှိုင်းဆွေးနွေး

မြောင်းမြ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ခရိုင်အတွင်း အင်းချောင်းများ ပြုပြင်တူးဖော်ခြင်းဖြင့် ရေချိုပျောက်ကွယ်ခြင်းမှ ကာကွယ်ကြရန်၊ ငါးအထွက်တိုးအောင် ဆောင်ရွက်ကြရန်၊ ရေချိုငါးလုပ်ငန်း ဥပဒေကြေး တိုင်အင်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ကြေးတိုင်လျှောက် အင်းသားကြီးများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို မြောင်းမြခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူးရုံးတွင် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်သည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲ တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဆန်းမောင်ဦးက ရေချိုငါးလုပ်ငန်း ဥပဒေများနှင့် ပတ်သက်၍ လည်းကောင်း၊ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားပြီး အင်းသားကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်