Skip to main content

“စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၃) မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် ဇန်နဝါရီ ၁၉

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံလူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလားလူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၃)ကို ဇန်နဝါရီ (၂၂)ရက်၊ စနေနေ့ည()နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့်အတူ လူရွှင်တော်များ ဖြစ်ကြသည့် အိုးဝေ၊ ဒင်္ဂါး၊ ကော်ဖီ၊ ဖြိုးကြွယ်တို့က ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ  (၂၆)ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း ()နာရီခွဲ National News အင်္ဂလိပ်ဘာသာသတင်း အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်