နေပြည်တော် ဇန်နဝါရီ ၁၅
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်အထည် ချုပ်စက်ရုံ (ပျဉ်ပုံကြီး) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ နယ်မြေခံ တပ်၌ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် စက်ရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မင်္ဂလာ ကမ္ပည်းမော်ကွန်းကိုအောင်သပြေ ပန်းနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး စက်ရုံသစ်အတွင်း လုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုကြရာ စက်ရုံမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။
အဆိုပါ တပ်မတော်အထည် ချုပ်စက်ရုံ(ပျဉ်ပုံကြီး)ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အရ တပ်မတော်သား မိသားစုဝင်များ အလုပ်အကိုင်ရရှိစေရေးအတွက် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၁ ရက်တွင် ပဲခူးမြို့နယ်ရှိ နယ်မြေခံ တပ်ဝင်းအတွင်း၌ စတင်တည်ဆောက်ခဲ့ပြီး ယနေ့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်