နေပြည်တော် ဇန်နဝါရီ ၁၀
လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီခန့်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့် ကျေးရွာအနီး၌ လွိုင်လင်မှ တောင်ကြီးဘက်သို့ မြင့်စိုး မောင်းနှင်ပြီးကျော်စိုင်း (ခ) အားကျုံး လိုက်ပါလာသည့် ISUZU ၁၂ ဘီး မော်တော်ယာဉ် အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်ခ် အဖက်တမင်း) ၆၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရည ၇ နာရီခန့်တွင် လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ချိုခမ်းကျေးရွာနှင့် မိုင်းပွန်ကျေးရွာကြား၌ သက်ဇူးမောင်းနှင်ပြီး ဇေခေါင်လိုက်ပါလာသည့် ISUZU၁၂ဘီး မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း)ကီလို ၆၀၃ထပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များ အရ ည ၈ နာရီခန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင် ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကိုအောင် (ခ) နော်တောင်နှင့် မာလ (ခ) ရှူရွယ်တို့အား လွိုင်လင် မြို့အဝင် တိုးဂိတ်အနီး၌ HIJET မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာ လတန်ဖိုးငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၁,၂၃၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များအားတန့်ယန်းမြို့နယ် မိုင်းကောင်မှ တောင်ကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ခြောက်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်