နေပြည်တော် ဇန်နဝါရီ ၁၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၃/၂၀၂၀ (ဧရာဝတီ)၊ ၂၂/၂၀၂၀ (ရန်ကုန်) နှင့် ၂၄/၂၀၂၀ (ပဲခူး)၊ စုစုပေါင်း တရားမအထူး အယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၉၈/ ၂၀၁၉ (စစ်ကိုင်း)၊၂၅/၂၀၂၀ (ရှမ်း)၊ ၂၆/၂၀၂၀ (ရှမ်း)၊ ၂၇/၂၀၂၀ (ရန်ကုန်) နှင့် ၃၀/ ၂၀၂၀ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)