၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀
ယနေ့ ၁၄:၁၅ ချိန်ခန့်တွင် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သံလွင်လမ်း၊ ပြည်နယ်စည်ပင်ရုံးသို့ အမည်မသိအမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် မိုင်းထောင်ရန်လာရောက်စဉ် ပြည်နယ်စည်ပင် ရုံးရှေ့၌ ရပ်နားထားသည့် ကယ်ရီနား၊ အနက်ရောင်ယဉ်၏ နောက်ပိုင်းအရောက်တွင် ၎င်းတို့ သယ်ဆောင်လာသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် လာရောက်မိုင်းထောင်သူများမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ တစ်စစီဖြင့် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်နှင့် ရုံးရှေ့တွင်ရပ်နားထားသည့် ကားနောက်ပိုင်းနှင့် ရှေ့မှန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)