ရန်ကုန် ဇန်နဝါရီ ၉
လူမှုဖူလုံရေးအဖွဲ့က အာမခံအလုပ်သမားများ၏ အကျိုးခံစားခွင့်များကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၂၄ ရက်က လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော SunJin Livestock Co.,Ltd မှ အာမခံအလုပ်သမား ဦးမျိုးလင်း၏ ကျန်ရစ်သူ အကျိုးခံစားခွင့် စုစုပေါင်း ငွေလုံးငွေရင်းကျပ် ၃၂၄၀၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးရဲဇော်ဝင်းက ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းအစည်းအဝေး ခန်းမ၌ ကျန်ရစ်သူ၏ ဖခင် ဦးလင်းလင်း ထံသို့ ပေးအပ်သည်။
သတင်းစဉ်