Skip to main content

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ အလှူငွေများလှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၂

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဓမ္မသစ္စာ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္က လာပမြို့နယ် အမှတ်(၁၅) ရပ်ကွက်ရှိ အောင်ခေမာ တွံတေးကျောင်းတိုက်၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်း ကျေးရွာရှိမစိုးရိမ်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသ ကြီး ကျုံပျော်မြို့ရှိ မဏိရတနာရာ မကျောင်းတိုက်၊ ရခိုင်ပြည်နယ် အမ်းမြို့ရှိ မဟာဂန္ဓာရုံ အေးရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် အတုမရှိ တိုက်ရွှေကျောင်းနှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ သာသနာ့ဟိတကာရီ တပ်ဦးဘုန်းတော်ကြီး ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်