Skip to main content

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ် အတွင်း၌ ကွန်ကရစ်လမ်းသစ်များ ဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ ၂

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ပုသိမ်မြို့၊ ကမ်းနားလမ်း၌ ကတ္တရာကွန်ကရစ်(AC) လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင် နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး လမ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ကတ္တရာကွန်ကရစ်(AC) လမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်း သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာကွန်ကရစ်(AC) လမ်းသစ်အား ဖြတ်သန်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပုသိမ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ပြည်သူပူပေါင်းဆောင်ရွက်သော ရာမညလမ်းသွယ် ၂ လမ်း၊ ရာမညလမ်းသွယ် ၃ လမ်းနှင့် ရာမညလမ်းသွယ် ၇ လမ်း ကွန်ကရစ်လမ်းသစ်များ ဖွင့်ပွဲများကို တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ လမ်းများအား ဖြတ်သန်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်