Skip to main content

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တံဆိပ်ခေါင်းသစ် သုံးမျိုးရောင်းချမည်

နေပြည်တော် ဇန်နဝါရီ ၂

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် (၂၀၀ ကျပ်တန်) စာပို့ တံဆိပ်ခေါင်းသစ် သုံးမျိုးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ပြာသိုလဆန်း ၃ ရက်(အင်္ဂါနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီး တို့တွင် ဇန်နဝါရီ ၄ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ် အသား တံဆိပ်ရိုက်နှိပ်ပေး မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်