နေပြည်တော် ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၌ ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၆၀ မှ ၈၀ လုံးထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စက်ရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင် စက်ရုံသစ်ဖွင့်ပွဲ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီးအမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စက်ရုံဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ရတနာတန်းဝင်နှစ်ရှည် ပျဉ်းကတိုးပင်များ စိုက်ပျိုးကြပြီး စက်ရုံလည်ပတ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်