Skip to main content

ရုပ်ရှင်လောကသားများအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း

ရန်ကုန်  ဒီဇင်ဘာ  ၂၉

ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့် မိသားစုတို့က လှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ ပဲတို့အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အလွှာ ၁၀ များဖြစ်သော အုပ်ချုပ်ဖြန့်ချိအလွှာ၊ ဗီဒီယို အခြေခံအလွှာ၊ ဇာတ်လမ်း ဇာတ်ညွှန်းအလွှာ၊ အဓိက သရုပ်ဆောင်အလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာ၊ ဒါရိုက်တာအလွှာ၊ ထုတ်လုပ်သူများအလွှာ၊ ဇာတ်ပို့/ ဇာတ်ရံအလွှာနှင့် စက်မှုအလွှာတို့မှ အစည်းအရုံးဝင်များကို ဆန်၊ ဆီ၊ ဆားနှင့်ပဲများ ဝေငှပေးအပ်မှုများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ပေးအပ်ရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် အနုပညာ ရှင်၊ အတတ်ပညာရှင်များအား တစ်ဦးလျှင်ဆန်၂ ပြည်တစ်အိတ် ဆီတစ်လီတာ တစ်ဘူး၊ ပဲ တစ်ပိဿာ၊ ဆားတစ်ပိဿာတို့ အား ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်လုပ်ဖြန့်ချိအလွှာနှင့်ဗီဒီယို အခြေခံအလွှာတို့ကို လည်း ကောင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဇာတ်လမ်း/ဇာတ်ညွှန်းအလွှာနှင့် အဓိကသရုပ်ဆောင် အလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် တည်းဖြတ်အလွှာနှင့်ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက် တွင် ဒါရိုက်တာအလွှာနှင့် ထုတ်လုပ်သူအလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၉ ရက်နှင့် ဒီဇင်ဘာ ၃၀ ရက်တို့တွင် ဇာတ်ပို့၊ ဇာတ်ရံအလွှာနှင့် ဒီဇင်ဘာ ၃၁ ရက်တွင် စက်မှုအလွှာတို့ကို လည်းကောင်း သီးခြားရက်များ သတ်မှတ်ထားပြီး ဝေငှပေးလျက်ရှိကြောင်း၊ အလွှာ ၁၀ အနက်မှ စက်မှုအလွှာသည် အစည်းအရုံး ဝင် အများဆုံးဖြစ်သည့်အတွက် ဒီဇင်ဘာ ၃၁ ရက်တွင် မော်တော် ယာဉ်များဖြင့် အိမ်တိုင်ရာရောက် ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဝင်များအတွက် စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ် ၍ လှူဒါန်းမှုမှာ စားသုံးဆီ တစ်လီတာဘူး ၁၆၉၀၊ ပဲပိဿာ ချိန် ၁၆၉၀၊ ဆန်အိတ် ၁၂ ပြည်တံ့ ၁၆၉၀နှင့် ဆားပိဿာ ၁၆၉၀ တို့ကို ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်