Skip to main content

ရာဇဝတ်အထူးအယူခံမှု (၂) မှု နှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက် ချမှတ် တရားမအထူးအယူခံမှု ( ၅ ) မှု တို့ကို ရုံးထိုင်ကြားနာ

နေပြည်တော်    ဒီဇင်ဘာ      ၂၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၁ (မွန်) နှင့် ၆/၂၀၂၁ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၈၉/၂၀၁၉ (မွန်)၊ ၉၆/၂၀၁၉ (မန္တလေး)၊ ၉၇/၂၀၁၉ (မန္တလေး)၊ ၈/၂၀၂၀ (ရန်ကုန်) နှင့် ၁၁/၂၀၂၀ (မကွေး)  စုစုပေါင်း  ရာဇဝတ်အထူးအယူခံမှု  (၂) မှု နှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက် ချမှတ် သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၄/၂၀၂၀(မကွေး)၊၁၆/၂၀၂၀ (မန္တလေး)၊ ၂၀/ ၂၀၂၀  (မန္တလေး)၊ ၂၁/၂၀၂၀ (မွန်) နှင့် ၂၃/၂၀၂၀  (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု ( ၅ ) မှုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင် ကြားနာခဲ့ကြောင်း သတင်းရရှိသည်။  

 

(သတင်းစဉ်)