နေပြည်တော် ဒီဇင်ဘာ ၂၀
၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) စတုတ္ထနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ပြပွဲတတိယနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် ( ၁ မှ ၂၅၀ ) အထိ အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၉၉ တွဲ ရောင်းချနိုင်ခဲ့ ကြောင်းကြေညာပြီး ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅၀၀)အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ရတနာကုန်သည်များက ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါ ပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅၀၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး ဖွင့် ဖောက်စစ်ဆေးကာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးခင် မောင်ရီ၊ ဒုတိယဝန်ကြီး ဉီးမင်းမင်းဉီးနှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက်ရှိ ကျောက်စိမ်း အတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှု အားပေးသည်။
ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ ကို ဒီဇင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ပြည်တွင်း/ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း ၃၃၀ ရောင်းချပေးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်းအတွဲ (၅၀၁) မှ (၇၈၀) အထိ ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)