Skip to main content

မြန်မာပို့ကုန်လုပ်ငန်းရှင်များ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်နိုင်ရေး အသိပေးနှိုးဆော်ချက်

တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (The General Administration of Customs of China - GACC) & oposto ခဲ့သည့် အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ တရုတ်နိုင်ငံ သည် GACC တွင် မှတ်ပုံတင်ထားသောလုပ်ငန်းများမှ စားသောက် ကုန်များကိုသာ (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ တရားဝင်တင်သွင်းခွင့် ပြုမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက် ရှိသော/ တင်ပို့လိုသော မြန်မာ နိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့၏လုပ်ငန်းများကို တရုတ်နိုင်ငံ(GACC)တွင် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်း အဖွဲ့များမှတစ်ဆင့် လည်းကောင်း၊ ကုမ္ပဏီများမှ တိုက်ရိုက် လည်းကောင်း ကုန်စည်အုပ်စုအလိုက်ဆက်သွယ် လျှောက်ထားမှုများကို သက်ဆိုင်ရာ (Competent Authority) များမှ တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိပါသည်။

အဆိုပါ လုပ်ငန်းများမှတ်ပုံတင်ခြင်းကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ (GACC) တွင် (၃၁-၁၂-၂၀၂၁) ရက်နေ့ နောက်ဆုံး ထား၍ မှတ်ပုံတင်ကြရမည်ဖြစ်သောကြောင့် မှတ်ပုံတင်ရန်ကျန်ရှိသော ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အချိန်မီ မှတ်ပုံတင်နိုင်ရေးအတွက် ကုန်ပစ္စည်း အမျိုးအစားအလိုက် အောက် ဖော်ပြပါဇယားအတိုင်း သက်ဆိုင်ရာ (Competent Authority) များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်-

စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးရန်လိုအပ်သော ကုန်စည်အမျိုးအစား ၅၂ မျိုး စာရင်းအား အသေးစိတ်သိရှိလိုပါက https://mitc.myantrade.gov.mm တွင် ဝင်ရောက်လေ့လာ နိုင်ကြောင်း အသိပေးအပ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ

မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့