နေပြည်တော် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေရှည်စဉ်ဆက်မပြတ် ငါးသယံဇာတများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူတစ်ဦးချင်းငါးစားသုံးမှု တိုးတက်စေရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပံတပွတ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က ပံတပွတ်ချောင်းနေရာ၌ ကျင်းပသည်။
ငါးမျိုးစိုက်ထည့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ ရေလုပ်သားများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တလုပ်လှငါးလုပ်ငန်းစခန်းနှင့် အောင်ဟိတ်ငါးလုပ်ငန်းစခန်းတို့မှ နှစ်လက်မအရွယ် ငါးခုံးမသား ပေါက်ကောင်ရေ ၃၀၀၀၀၀ နှင့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၃၀၀၀၀၀ စုစုပေါင်းကောင်ရေ ၆၀၀၀၀၀ ကို ပံတပွတ်ချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးကြောင်း သိရသည်။
သတင်းစဉ်