နေပြည်တော် ဒီဇင်ဘာ ၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် နှာခေါင်းစည်း Mask (၃၇) တန် တင်သွင်းခဲ့သည်။
နိုဝင်ဘာ (၁) ရက်မှ ဒီဇင်ဘာ (၄) ရက်အတွင်း ကုမ္ပဏီ (၈၁) ခုမှယာဉ်စီးရေ (၁၆၆) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၄၀၆) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (Bowser) ယာဉ်ဖြင့် (၆) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၁၀၁၈၈) ခု၊ OxygenPlant (၄၆) ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (၁၆) ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၉၆၂) ခု၊ PPE (၈၃၈၄၀) စုံ၊ လက်အိတ် (၄၃) တန်နှင့် နှာခေါင်းစီး (Mask) (၈၃၀) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
နိုဝင်ဘာ(၁)ရက်မှ ဒီဇင်ဘာ (၄)ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင် အရည် (Bowser) ယာဉ်စုစုပေါင်း အစီး (၂၀) မှာ ရန်ကုန်မြို့သို့ (၁၇)စီး၊ မော်လမြိုင်မြို့သို့ (၂)စီးနှင့် နေပြည်တော်သို့ (၁)စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း (၄၆) ခုမှာ ရန်ကုန်မြိုသို့ (၃၇) ခု၊ ရေစကြိုမြို့၊ မြို့သစ်မြို့၊ မြစ်ကြီးနားမြို့တို့သို့ (၂)ခုစီနှင့် မန္တလေးမြို့၊ ဓနုဖြူမြို့၊ ရေနံချောင်းမြို့တို့ သို့ (၁)ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့်အသိပေးကြေညာချက်များ ကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)