Skip to main content

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၂

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ မီဒီယာထိပ်သီးဆွေးနွေးပွဲ (4th World Media Summit) အား "Media Growth Strategy under the Impact of COVID| 19” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပရာ ကမ္ဘာ့ရုပ်သံ သတင်းမီဒီယာနယ်ပယ်မှ ထိပ်ပိုင်းခေါင်းဆောင် ၂၄၀ ခန့်နှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်ပညာရှင် ၄၀ခန့် တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ပိုမိုကောင်းမွန်သည့် သဘောထား အမြင်များ (Media Development: New Technology, Better Vision) မီဒီယာဈေးကွက်တွင် မိတ်ဖက်အဖွဲ့အစည်းသစ်များနှင့် ဈေးကွက်သစ်များ (Media Marketing: New Partners, New Markets) သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရဖြစ်သော ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး အခြေအနေတွင် မီဒီယာအရေးပါမှု (In the Spirit of Science and Cooperation: Media Response in Public Health Emergencies) ပြည်သူလူထုအတွင်း မီဒီယာ၏ ပေါင်းကူးဆက်သွယ်မှု (Media: A Bridge Among Civilizations)  ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွင်း မီဒီယာ၏ အခန်းကဏ္ဍ (Media's Role in Global Development) အကြောင်းအရာများကို ဆွေးနွေးကြသည်။

ယနေပိုင်းတွင် World Media Summit Global Awards for Excellence အခမ်းအနားအား Online ဖြင့်ဆက်လက်ကျင်းပပြီး Winter Sports Photo ဆုရရှိသူ စာရင်းအား ထုတ်ပြန်ကြေညာသည်။

ပထမအကြိမ် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲအား ၂၀၀၉ ခုနှစ် အောက်တိုဘာ ၈ ရက်မှ  ၁၀ ရက်အထိ တရုတ်နိုင်ငံ  ပေကျင်းမြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ် ဆွေးနွေးပွဲအား ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ ရုရှားနိုင်ငံ မော်စကို မြို့တွင်လည်းကောင်း၊ တတိယအကြိမ် ဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်မှ ၂၁ ရက်အထိ  ကာတာနိုင်ငံ ဒိုဟာမြို့တွင်လည်း ကောင်း ကျင်းပခဲ့ရာမှ ယခု စတုတ္ထအကြိမ် ထိပ်သီးဆွေးနွေးပွဲအား ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား မှုကြောင့် ဆင်ဟွာသတင်းအေဂျင်စီ (Xinhua)မှ ဦးဆောင်၍ ကမ္ဘာကျော် မီဒီယာအဖွဲ့အစည်းများ ကြဖြစ်သည့် အေပီသတင်းဌာန (Associated Press), ရိုက်တာ(Reuters)၊ ရုရှားသတင်း အေဂျင်စီ (TASS Russian News Agency)၊ ကျိုဒိုသတင်းဌာန (Kyodo News)၊ ဘီဘီစီသတင်းဌာန (BBC)နှင့် Google တို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အဖွဲ့အစည်း ကိုးခုတို့နှင့် ပူးပေါင်းပြီး Video Conferencing စနစ်ဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်