Skip to main content

နိုင်ငံတော်တွင် ဘတ်ဂျက်ရငွေ၊ သုံးငွေ၊ ပိုငွေ၊ လိုငွေအခြေအနေများသည် အရေးပါသော ကိန်းဂဏန်းများဖြစ် အစိုးရဌာန အဖွဲ့အစည်းအားလုံးက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဘာသာရပ်များကို သိရှိနားလည်တတ်မြောက်ထားရန်လို

နေပြည်တော် နိုဝင်ဘာ

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် () ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီခွဲ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

သင်တန်းသားများ တက်ရောက် ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင် ဌာနအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဝန်ကြီးဌာနအဖွဲ့အစည်း ၃၄ ခုမှ ညွှန်ကြားရေးမှူးအဆင့် သင်တန်းသားများ တက်ရောက်ကြသည်။

စဉ်ဆက်မပြတ်ဆောင်ရွက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည်ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို  တည်ထောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့ ဝန်ထမ်းများ မွေးထုတ်ပေးရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန/အဖွဲ့အစည်းများအနေဖြင့် စီမံကိန်း ရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ချိတ်ဆက်မှုခိုင်မာအားကောင်းရန် လိုအပ်ကြောင်း၊ အသုံးစရိတ်များသုံးစွဲရာတွင် အကျိုးရှိရှိနှင့် ထိရောက်စွာသုံးစွဲရန်နှင့် လျာထားချက်အတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မှု၊ ဘတ်ဂျက်အကောင်အထည်ဖော်မှု အစီရင်ခံစာများ စနစ်တကျ တင်ပြရန်လိုအပ်ပြီး စနစ်တကျစာရင်း စစ်ဆေးမှုခံယူရန်အတွက် စဉ်ဆက်မပြတ်  ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်း စတင်ဖွင့်လှစ်ချိန်မှစ၍ ယနေ့အထိ ပုံမှန် သင်တန်းများအဖြစ် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု  အခြေခံသင်တန်းနှစ်ခုနှင့် အထူးကာလတို သင်တန်းများအဖြစ် ၃၄ခု ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၆၃၉ ဦး တက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ အခြေခံသင်တန်း အမှတ်စဉ် ()ကို ဆက်လက်ဖွင့်လှစ် လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ဘတ်ဂျက်ရငွေ၊ သုံးငွေ၊ ပိုငွေ၊ လိုငွေ အခြေအနေများသည်အရေးပါသော ကိန်းဂဏန်းများ ဖြစ်ကြောင်း၊ လိုငွေသည် ကြွေးမြီကို မြင့်မားစေကြောင်း၊ အစိုးရဌာန အဖွဲ့အစည်းအားလုံးက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဘာသာရပ်များကို သိရှိနားလည်တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးအတွက် ယခု သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်း  ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများအား ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ဘာသာရပ် များကို သင်ကြားပို့ချပေးမည်ဖြစ်သည်။

စီစဉ်ဆောင်ရွက်ထား

သင်တန်းကာလမှာ တစ်ပတ်လျှင် ငါးရက်၊  တစ်ရက်လျှင် နှစ်နာရီခန့်ဖြင့် ရက်သတ္တပတ် လေးပတ်ကြာမြင့်မည်ဖြစ်ပြီး ရုံးချိန်ပြင်ပလုပ်ငန်း ခွင်မပျက်တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်သည်။

ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံ  သင်တန်းများ၊ ကာလတိုအထူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်